Content-Length: 126222 | pFad | https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%95%E1%80%AD%E1%80%AF%E1%80%90%E1%80%B1%E1%80%B8%E1%80%99%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8%E1%80%92%E1%80%8F%E1%80%B9%E1%80%8D%E1%80%AC%E1%80%9B%E1%80%AE

မက်ဆိုပိုတေးမီးယားဒဏ္ဍာရီ - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

မက်ဆိုပိုတေးမီးယားဒဏ္ဍာရီ

ဝီကီပီးဒီးယား မှ

မက်ဆိုပိုတေးမီးယားဒဏ္ဍာရီ (အင်္ဂလိပ်: Mesopotamian mythology)[မှတ်စု ၁] သည် ယခုခေတ် အာရှတိုက်အနောက်ပိုင်းဒေသ၊ ရှေးဟောင်းမက်ဆိုပိုတေးမီးယားနယ်မြေမှ ဒဏ္ဍာရီများ၊ ဘာသာရေးကျမ်းစာများနှင့် အခြားသောစာပေများကို ရည်ညွှန်းနိုင်သည်။ အထူးသဖြင့် ဆူးမားဒေသအဲကတ်မြို့ နှင့် အဆီးရီးယားဒေသမှ လူမှုအဖွဲ့အစည်းများ၏ ရင်းမြစ်များမှဖြစ်ကာ ထိုလူ့ယဉ်ကျေးမှု အဖွဲ့အစည်းများသည် ဘီစီ (၃၀၀၀) မှ စတင်ခဲ့ကြ၍ အေဒီ (၄၀၀)တွင် ပျက်သုဉ်းခဲ့ကြသည်။[] ဤစာပေလက်ရာများကို မူလအားဖြင့် ကျောက်ချပ်၊ ရွှံ့စေးချပ်များတွင် ထိန်းသိမ်းခဲ့ကြပြီး စာရေးတော်များက သပ်ဖြင့် ရေးထွင်းသည့် အရေးအသားတစ်မျိုး (cuneiform) ဖြင့် ရေးသားခဲ့ကြသည်။ ရှည်လျှားသော အပိုင်းအစအနည်းငယ်သာ ရှင်သန်ကျန်ရစ်ပြီး အချို့သော အပိုင်းများတွင် ပါဝင်သော ဇာတ်လမ်းပုံပြင်များကို ကမ္ဘာ့ရှေးအကျဆုံးဟူ၍ ယူဆကြကာ ထိုအပိုင်းအစများက သမိုင်းပညာရှင်များကို မက်ဆိုပိုတေးမီးယား အတွေးအခေါ်၊ စကြဝဠာသဘောတရားများကို နက်နက်နဲနဲ သိမြင်စေခဲ့သည်။

မှတ်စု

[ပြင်ဆင်ရန်]
  1. အင်္ဂလိပ်အသံထွက်မှာ အနီးစပ်ဆုံး 'မက်ဆာပါတေးမိယာ' (နာမ်)၊ 'မက်ဆာပါတေးမိယန်' (နာမဝိသေသန) ဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Oxford English Dictionary
  2. "Mesopotamian religion" (in en)၊ Encyclopedia Britannica 








ApplySandwichStrip

pFad - (p)hone/(F)rame/(a)nonymizer/(d)eclutterfier!      Saves Data!


--- a PPN by Garber Painting Akron. With Image Size Reduction included!

Fetched URL: https://my.wikipedia.org/wiki/%E1%80%99%E1%80%80%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%95%E1%80%AD%E1%80%AF%E1%80%90%E1%80%B1%E1%80%B8%E1%80%99%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8%E1%80%92%E1%80%8F%E1%80%B9%E1%80%8D%E1%80%AC%E1%80%9B%E1%80%AE

Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy