Content-Length: 144787 | pFad | https://my.wikipedia.org/wiki/%E1%80%9D%E1%80%AE%E1%80%80%E1%80%AE%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%85%E1%80%BA

ဝီကီရင်းမြစ် - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

ဝီကီရင်းမြစ်

ဝီကီပီးဒီးယား မှ
Wikisource
The current Wikisource logo
ဝဘ်ဆိုဒ် အမျိုးအစား
ဒယ်ဂျစ်တယ် စာကြည့်တိုက်
ဖတ်ရှုရရှိနိုင်မှုMultilingual
ပိုင်ဆိုင်သူဝီကီမီဒီယာ ဖောင်ဒေးရှင်း
ဖန်တီးသူUser-generated
ဝဘ်ဆိုဒ်wikisource.org
စီးပွားရေးNo
မှတ်ပုံတင်ခြင်းOptional
လွှင့်တင်ခြင်းနိုဝင်ဘာ ၂၄၊ ၂၀၀၃; ၂၀ နှစ် အကြာက (၂၀၀၃-၁၁-24)[]
လက်ရှိ အခြေအနေOnline

ဝီကီရင်းမြစ် (အင်္ဂလိပ်: Wikisource) သည် အခမဲ့ရနိုင်သည့် စာပေရင်းမြစ်တို့အတွက် အွန်လိုင်းဒစ်ဂျစ်တယ်စာကြည့်တိုက် ဖြစ်ပြီး ဝီကီမီဒီယာဖောင်ဒေးရှင်းမှ တာဝန်ယူလည်ပတ်နေသည်။ ဝီကီရင်းမြစ်ဟူသည် စီမံကိန်းတခုလုံးကို ခြုံငုံခေါ်ဝေါ်သော အမည်ဖြစ်သည်။ ၎င်းအောက်တွင် ဘာသာစကားအလိုက် ဝီကီရင်းမြစ်များ ရှိသည်။ စီမံကိန်း၏ ရည်ရွယ်ချက်မှာ အခမဲ့ရနိုင်သော ဘာသာစကားအမျိုးမျိုးဖြင့် စာပေအားလုံး၊ ဘာသာပြန်အားလုံးကို စုစည်းပေးရန် ဖြစ်သည်။ ကနဦးတွင် သမိုင်းဝင်စာပေတို့ကို မော်ကွန်းတိုက်အဖြစ်ထားရန် သုံးကြ (ပထမဆုံး ဝီကီရင်းမြစ်ပေါ်ရောက်သော စာမှာ ပြင်သစ်ဘာသာဖြင့်ရေးသည့် ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းဖြစ်) သော်လည်း တစတစဖြင့် အမျိုးစုံသောစာကြည့်တိုက်အနေသို့ ရောက်လာ၏။ တရားဝင်စီမံကိန်းအဖြစ်မူ ၂၀၀၃ ခု၊ နိုဝင်ဘာလ ၂၄ ရက်တွင် စတင်ပြီး ပရောဂျက်ဂူတင်ဘတ် (Project Gutenberg) နှင့် ကာရန်ညှိကာ ပရောဂျက်ဆို့စဘတ် (Project Sourceberg) ဟူသောအမည်ကို ယူသည်။ ထိုနှစ်တွင်ပင် ဝီကီရင်းမြစ်ဟု အမည်ပြောင်းကာ သီးခြားဒိုမိန်းအမည် သုံးခဲ့သည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. Ayers၊ Phoebe; Matthews၊ Charles; Yates၊ Ben (2008)။ How Wikipedia Works။ No Starch Press။ pp. 435–436ISBN 978-1-59327-176-3








ApplySandwichStrip

pFad - (p)hone/(F)rame/(a)nonymizer/(d)eclutterfier!      Saves Data!


--- a PPN by Garber Painting Akron. With Image Size Reduction included!

Fetched URL: https://my.wikipedia.org/wiki/%E1%80%9D%E1%80%AE%E1%80%80%E1%80%AE%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%85%E1%80%BA

Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy