Content-Length: 88363 | pFad | https://my.wikipedia.org/wiki/Apple_TV

Apple TV - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

Apple TV

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Apple TV သည် Appleမှ တီထွင်ထုတ်လုပ်လိုက်သော ထုတ်ကုန်တစ်ခုဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်ကစ၍ နည်းပညာပိုင်းဆိုင်ရာတွင် complex simple ပုံစံ ပြုလုပ်ထားရှိခဲ့ကြောင်း Apple ကို ရှုမြင်နိုင်သည်။ တစ်ကိုယ်ရည်သုံးကွန်ပျူတာလောကတွင် iMac ဖြင့် ထင်ပေါ်ခဲ့သလို အလွယ်တကူသယ်သွားလို့ရသော တေးဂီတဖွင့်စက်လို consumer electronic များအလယ်တွင်လည်း iPod ဖြင့်ဂုဏ်တင့်ခဲ့သည်။ ဒါ့အပြင် Mobile Phone လောကကိုလည်း iPhone ဖြင့် ကိုင်လှုပ်ခဲ့သည်။ အိမ်တွင်းဖျော်ဖြေရေး အတွက် ၁၉၉ ကန်ဒေါ်လာတန် Apple TV ဖြင့် ဖြည့်ဆည်းနေရာယူလိုက်ပြန်သည်။ အဆိုပါကိရိယာ၏ အခြေခံသဘောတရားမှာ ရိုးရိုးရှင်းရှင်း လေးဖြစ်သည်။ ကွန်ပျူတာ ၅ လုံးအထိ ချိတ်ဆက်ယူ ထားသော iTunes မှ content များကိုလည်းကောင်း၊ 40GB ပမာဏရှိ hard drive ပါရှိသော box မှ တိုက်ရိုက်ထုတ်ပေးသည့် content များကိုလည်းကောင်း ကြိုးမဲ့လမ်းကြောင်းကြီးဖြင့် ဖွင့်ယူခံစားနိုင်စေခြင်းပင် ဖြစ်သည်။ ရုပ်ရှင်များ၊ ဓာတ်ပုံများ၊ products များနှင့် တေးဂီတများ အပါအဝင် ပီစီပေါ်မှ မီဒီယာအားလုံးနီးနီးကို ရှုမြင်ခံစားခွင့် ရှိမည်ဖြစ်သည်။ Apple ၏ လက်သုံးစကားအရ iTunes ရှိလျှင် Apple TV ရှိရမည် ဟုမှတ်ယူစေသည်။ Cables လိုင်း အများအပြားဖြင့် ချိတ်ဆက်ရမည့်အစား iTunes တစ်ခုတည်းဖြင့် ကြိုးမဲ့စနစ်ကို အသုံးချခွင့်ပေးထားသည့် သဘောပင်ဖြစ်သည်။ Apple TV ၏ menu ပေါ်တွင် Library တစ်ခုအဖြစ် ထည့်သွင်းရန် ရွေးချယ်လိုက်သည်နှင့် iTunes အတွင်းက ကိရိယာတစ်ခုအနေဖြင့် ထွက်ပေါ်လာသည်။ ကြိုးမဲ့စနစ်မှ “b” , “g” သို့မဟုတ် “n” router နှင့် ဆက်သွယ်ထားသော iTunes လည်းပတ်နိုင်သော ကွန်ပျူတာတစ်လုံးရှိရန်တော့ လိုအပ်သည်။ Apple က “g” ကိုသုံးပါက အကောင်းဆုံးဖြစ်မည်ဟု အကြံပေးထားသည်။ သို့သော်လည်း “b” နှင့် “g” ပေါ်ရှိ ကွန်ရက်ဖြင့်လည်း ဗီဒီယိုကြည့်နိုင်ကြောင်း တွေ့ရသည်။ မြင်ကွင်း အရည်အသွေးအရ 640 x 480 သာပေးထားသဖြင့် HD အရည်အသွေးကိုတော့ မမျော်မှန်းနိုင်ပါ။ နောက် အားနည်းချက်တစ်ခုကတော့ ED-TV enhanced definition သို့မဟုတ် HDTV (high-definition widescreen television) အတွက်သာ ခွင့်ပြုထားပြီး 4:3 set ပိုင်ရှင်များအတွက် အခွင့်အလမ်း မရှိဖြစ်နေသည်။ နောက်တစ်ချက် သတိပြုရမှာက Quick Time မရှိပါက iPod ပေါ်တွင်ဖြစ်စေ video filter မျှ ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်းပင်ဖြစ်သည်။ ထို့အတူ video content တိုင်း Apple TV နှင့် လိုက်လျောညီတွေဖြစ်နေခြင်း မရှိပေ။ ဈေးချိုသော Hi-Fi remote ကို သုံးထားခြင်းနှင့် wide screen TVs များတွင်သာ ကြည့်ရှုခြင်းတို့က အဓိကအားနည်းချက်အဖြစ်တွေနိုင်သည်။ အိမ်တွင်းဖျော်ဖြေရေးလောကတွင် Xbox 360 ကို အလွန်ကောင်းသော media extends အဖြစ် မှတ်ယူနိုင်သောလည်း။ Apple TV မှာမူ iPod ပိုင်ရှင်များအတွက်သာ အသုံးဝင်သော ကိရိယာ ဖြစ်စေပါလိမ့်မည်။









ApplySandwichStrip

pFad - (p)hone/(F)rame/(a)nonymizer/(d)eclutterfier!      Saves Data!


--- a PPN by Garber Painting Akron. With Image Size Reduction included!

Fetched URL: https://my.wikipedia.org/wiki/Apple_TV

Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy