Content-Length: 120805 | pFad | http://my.wikipedia.org/w/index.php?title=%E1%80%90%E1%80%AD%E1%80%90%E1%80%AF%E1%80%A9%E1%80%9D%E1%80%AB%E1%80%92%E1%80%85%E1%80%AC&action=edit&section=1

တိတုဩဝါဒစာ - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

တိတုဩဝါဒစာ

ဝီကီပီးဒီးယား မှ

၁။ စံတော်မီ ဝိသေသလက္ခဏာ

သာသနာပြုဆရာကြီးတစ်ပါးက (၁၉)ရာစုနှစ်အတွင်းတွင် အခန်းတို(၃)ခုဖြင့် ရေးသားထားသော ဓမ္မပေးစာဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း (၂၀)ရာစုနှစ် သာမက (၂၁)ရာစုတိုင်အောင် အလင်းပေးနိုင်စွမ်းရှိသည်။ ဤကျမ်းစာသည် ပေါလု၏ အာဘော်သက်သက်မဟုတ်။ အသင်းတော် သမိုင်း၏ အနှစ်သာရ ဖြစ်သည်။ ကနဦးအသင်းတော်များတွင် လက်ခံကျင့်သုံးသော အသင်းတော် မဏ္ဍိုင် ဖြစ်သည်။

သန့်ရှင်းသော် ဝိညာဉ်တော် ဖော်ပြချက်ဖြင့် ရေးသားသောကြောင့် အခြားမည်သူကမှ ဖြည့်စွက်ခြင်း မပြုနိုင်ပါ။ သင်းအုပ်များ ဖြောင့်မတ်မှန်ကန်စွာ ပြုကင့်နိုင်သည့် သမ္မာလမ်းညွှန်ဖြစ်သည်။ တိမောသေ ပထမဩဝါဒစာစောင်တွင်လည်း တွေ့နိုင်သည်။ ထပ်မံဖော်ပြခြင်း ဖြစ်သော်လည်း မလိုအပ်ဘဲ စကားကြောရှည်ခြင်း မဟုတ်။ ဓမ္မသစ်အခြားကျမ်းများတွင်လည်း တွေ့ရမည်။ ထို့ကြောင့် ယုံကြည်သူများ စနစ်တကျရှိစေလို၍ ဘုရားသခင်က အကျယ်တဝင့် ရှင်းပြခြင်း ဖြစ်သည်ဟု နားလည်ရသည်။

အထူးသဖြင့် တိ ၂:၁၁-၁၄ သည် အဓိကကျမ်းချက်ဖြစ်သည်။ အခြေခံမူဝါဒနှင့် ကျေးဇူးတော်အား ချိန်ခွင်လျှာသဖွယ် ထိန်းထားပေးသည်။

၂။ ကျမ်းရေးသူ

ဓမ္မသစ် အမှုတော်ဆောင်များသို့ ဩဝါဒစာဟူသော မိတ်ဆက်စာတွင် တိတုအကြောင်း ဆွေးနွေးထားသည်ကို တွေ့ရှိနိုင်သည်။

၃။ အချိန်ကာလ

ရည်ရွယ်ချက်နှင့် စကားလုံး အသုံးအနှုန်းယှဉ်တူသောကြောင့် ရှေးရိုးဝါဒီများက ဤဩဝါဒစာသည် တိမောသေပထမဩဝါဒနှင့် တစ်ချိန်တည်း တပြိုင်တည်း ရေးသားသည်ဟု ခန့်မှန်းကြသည်။ တိမောသေ ပထမဩဝါဒစာနှင့် ဒုတိယဩဝါဒစာအကြားတွင် ဖြစ်နိုင်သည်။ ဒုတိယဩဝါဒစာထက် နောက်မကျနိုင်။ အချိန်ကာလ အတိအကျပြောရန် ခက်ခဲသော်လည်း AD ၆၄နှင့် ၆၆ အကြား ဖြစ်ဟန်တူသည်။ မူလရေးသားသော နေရာသည် မက်ဆီဒိုးနီးယားဖြစ်သည်။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

အမှုတော်ဆောင်နှင့် ပတ်သက်၍ ဩဝါဒစာနှစ်စောင် ရေးသားခဲ့ပြီးနောက်တွင် ဤတိတုဩဝါဒစာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းသော အမှုပြုကျင့်ရမည့်အကြောင်းကို မြွေမသေ တုတ်မကျိုး ချိန်ခွင်လျှာညှိ၍ သဟဇာတဖြစ်စေရန် နိဂုံးချုပ်ပေးထားသည်။ ယနေ့ခေတ်ကာလတွင် ကျေးဇူးတော်သာ အဓိကထားကြပြီး ဘုရားသခင်၌ ကောင်းသောအကျင့် ပြုကျင့်ရန် အားနည်းလာကြသည်။ ထိုအပြုအမူ အယူအဆသည် မှားယွင်း၍ မှန်ကန်သော ကျေးဇူးတော်တရား မဟုတ်ပါ။

ထိုအကြောင်းကို ရှင်ပေါလုက အတိအလင်းသွန်သင်ထားသည်။ “ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သူတို့သည် ကောင်းသော အကျင့်တို့ကို အမြဲကျင့်အံ့သောငှါ သတိပြုရကြမည့်ကြောင်း” (၃:၈(က))ဟု ဆိုထားသည်။

ပါဝင်သည့်အချက်များ

၁။ နှုတ်ခွန်းဆက်ခြင်း (၁:၁-၄)

၂။ ဝတ်ပြုအစည်းအဝေးမှ သင်းအုပ်ဆရာများ (၁:၅-၉)

၃။ ဝတ်ပြုအစည်းအဝေးမှ မှားတတ်သောအရာများ (၁:၁၀-၁၆)

၄။ ဝတ်ပြုအစည်းအဝေးအား လှုံ့ဆော်ခြင်း (၂:၁-၁၅)

၅။ ဝတ်ပြုအစည်းအဝေး၌ တိုက်တွန်းအားပေးခြင်း (၃:၁-၁၁)

၆။ နိဂုံးစကား (၃:၁၂-၁၅)

TAGS: တိတုဩဝါဒစာ

ကိုးကား

[ပြင်ဆင်ရန်]








ApplySandwichStrip

pFad - (p)hone/(F)rame/(a)nonymizer/(d)eclutterfier!      Saves Data!


--- a PPN by Garber Painting Akron. With Image Size Reduction included!

Fetched URL: http://my.wikipedia.org/w/index.php?title=%E1%80%90%E1%80%AD%E1%80%90%E1%80%AF%E1%80%A9%E1%80%9D%E1%80%AB%E1%80%92%E1%80%85%E1%80%AC&action=edit&section=1

Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy