Content-Length: 178203 | pFad | https://my.wikipedia.org/wiki/%E1%80%95%E1%80%AE%E1%80%80%E1%80%AC%E1%80%86%E1%80%AD%E1%80%AF

ပီကာဆို - ဝီကီပီးဒီးယား မာတိကာသို့ ခုန်သွားရန်

ပီကာဆို

ဝီကီပီးဒီးယား မှ
ပတ်ဘလို ရူးအစ် ဝိုင် ပီကာဆို (1962)
Signatur Pablo Picasso
Signatur Pablo Picasso

ပတ်ဘလို ရူးအစ် ဝိုင် ပီကာဆို (၁၈၈၁-၁၉၇၃) သည် စပိန်လူမျိုးပန်းချီပညာရှင်ကြီး တစ်ဦးဖြစ်သည်။ စပိန်နိုင်ငံ မာလာဂါမြို့တွင် ဖွားမြင်သည်။ ဖခင်မှာ ပန်းချီဆရာတစ်ဦးဖြစ်ပြီး ပန်းချီသင်တန်းများကိုလည်း ဖွင့်လှစ်သဖြင့် မျိုးရိုးရှိသူဟုဆိုနိုင်သည်။ အသက် ၁၄နှစ်တွင်ပင် ပန်းချီတွင် ကောင်းစွာအစွမ်းပြနိုင်သောကြောင့် ပါရမီရှိသူအဖြစ် အများက သတ်မှတ်ကြသည်။ ပန်းချီဆွဲခြင်းကို အသက်ထက်ဆုံးတိုင် ပြုလုပ်သွားပြီး (၂၀)ရာစု ပန်းချီပညာရှင်အားလုံးအနက် လူသိအများဆုံးဟု ဆိုသင့်သည်။

ပီကာဆိုသည် ဟန်အမျိုးမျိုးဖြင့် ပုံများရေးဆွဲတတ်သည်။ အခြားပန်းချီပညာရှင်များအပေါ် ကြီးမားစွာ ဩဇာလွှမ်းမိုးနိုင်ခဲ့သည်။ ပီကာဆို၏ အစောဆုံးလက်ရာများကို အဓိကအားဖြင့် အပြာရောင်ဖြင့်ခြယ်မှုန်းခဲ့သည်။ နောက်ပိုင်းတွင် ဂဲဩမေတြီပုံသဏ္ဌာန် အစိတ်အပိုင်းများဖြင့် ရုပ်ပုံများစွာရေးဆွဲလာသည်။ ကျူဗစ်ဆင် (Cubism) ခေါ် ပန်းချီရေးနည်းရေးဟန်အဖြစ် သိထားကြသည်။ ပီကာဆို၏ အထင်ရှားဆုံး ပန်းချီကားများစွာအနက် ဂွါနီကာ (Guernica) လည်း ပါဝင်သည်။ နိုင်ငံရေးအငွေ့အသက်မကင်းသည့် အဆိုပါပန်းချီကားမှာ စပိန်နိုင်ငံ ပြည်တွင်းစစ်ကာလအတွင်း မြို့တစ်မြို့ပျက်စီးသွားရပုံကို သရုပ်ဖော်ထားသည်။

ပီကာဆိုသည် ပန်းချီပညာသာမက ပန်းပုအတတ်ကိုပါ ကောင်းစွာ တတ်ကျွမ်းသည်။ ဘဲလေးအက(Ballet) အတွက်လည်း နောက်ခံကားများကို ရေးဆွဲပေးသည်။ ကဗျာစပ်ရာတွင်လည်း မညံ့ပေ။ ကျောက်ထွင်းပန်းချီ အပါအဝင် အခြားသော အနုပညာလက်ရာ အများအပြားပင် ကျန်ရှိနေသေးသည်။ ထူးထူးခြားခြား ပန်းချီဆွဲသက်ကြာလွန်းပြီး ၇၅နှစ်မျှ ပန်းချီများ ရေးဆွဲခဲ့သည်။ တစ်ပါတ်တွင် ပန်းချီ ၅ ချပ်နှုန်းရေးဆွဲခဲ့ပြီး ပန်းချီကားပေါင်း ၂၀ဝ၀ဝ ကျော်ကို လက်ရာမထပ်စေရအောင် ရေးဆွဲခဲ့သူဖြစ်သည်။ ပန်းချီကျော်ဖြစ်သည်နှင့် အညီ ၎င်း၏ပန်းချီကားများ ဈေးကောင်းရသဖြင့် ချမ်းသာသူတစ်ဦးဖြစ်လာသည်။ စပိန်နိုင်ငံသား ဖြစ်သော်လည်း ကွယ်လွန်ချိန်အထိပြင်သစ်နိုင်ငံ၊ မိုဂျင်(Mougins)တွင်သာ နေထိုင်သွားခဲ့သည်။

ဂွါနီကာ

ရည်ညွှန်းကိုးကား

[ပြင်ဆင်ရန်]








ApplySandwichStrip

pFad - (p)hone/(F)rame/(a)nonymizer/(d)eclutterfier!      Saves Data!


--- a PPN by Garber Painting Akron. With Image Size Reduction included!

Fetched URL: https://my.wikipedia.org/wiki/%E1%80%95%E1%80%AE%E1%80%80%E1%80%AC%E1%80%86%E1%80%AD%E1%80%AF

Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy