မာတိကာသို့ ခုန်သွားရန်

ဗစ်ဒကွန် ကွစ်ဇလင်း

ဝီကီပီးဒီးယား မှ
Vidkun Quisling
A black and white photographic portrait of a man aged around thirty, looking slightly to his left. He is dressed in a dark suit and tie; his hair is neatly combed into a parting.
နော်ဝေး ဝန်ကြီးချုပ်
တာဝန်သက်တမ်း
1 February 1942 – 9 May 1945
Reichskommissar Josef Terboven
ကာကွယ်ရေးဝန်ကြီးဌာန
တာဝန်သက်တမ်း
1931–1933
ဝန်ကြီးချုပ်
  • Peder Kolstad
  • Jens Hundseid
ယခင်လူTorgeir Anderssen-Rysst
ဆက်ခံသူJens Isak de Lange Kobro
ကိုယ်ရေး အချက်အလက်များ
မွေးဖွားVidkun Abraham Lauritz Jonssøn Quisling
(1887-07-18)၁၈ ဇူလိုင်၊ ၁၈၈၇
Fyresdal, Telemark, Norway
ကွယ်လွန်၂၄ အောက်တိုဘာ၊ ၁၉၄၅(1945-10-24) (အသက် ၅၈)
Akershus Fortress, Oslo, Norway
နိုင်ငံရေးပါတီ
  • Agrarian Party (1931–33)
  • Samling (1933–45)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
  • Fatherland League (1930–31)
ကြင်ဖော်(များ)
  • Alexandra Andreevna Voronina
  • Maria Vasilijevna Quisling (disputed)
ကိုးကွယ်သည့်ဘာသာ
  • Lutheranism
  • Universism
လက်မှတ်

သမိုင်း

[ပြင်ဆင်ရန်]

ဗစ်ဒကွန် အေဗရာဟမ် ကွစ်ဇလင်းကား ဒုတိယကမ္ဘာစစ် ကြီးအတွင်း နိုင်ငံနှင့်လူမျိုးကို သစ္စာဖောက်၍၊ နာဇီဂျာမန် တို့အား အလုပ်အကျွေးပြုခဲ့သော နော်ဝေးနိုင်ငံရေးသမား တစ်ယောက် ဖြစ်သည်။ ၁၈၈၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ တွင် ဖီရက်စဒယ်အရပ်၌ ဖွားမြင်ခဲ့သည်။ နော်ဝေးစစ် တက္ကသိုလ်တွင် စစ်ပညာသင်ကြားခဲ့ရာ ၁၉၁၁ ခုနှစ်တွင် အောင်မြင်ခဲ့သည်။ ၁၉၁၈၊ ၁၉ ခုနှစ် တွင် ရုရှားနိုင်ငံ၌လည်းကောင်း၊ ၁၉၁၉၊ ၂၁ ခုနှစ်တွင် ဖင်လန်နိုင်ငံ၌လည်းကောင်း၊ စစ်ဖက်ဆိုင်ရာ တွဲဖက်သံအရာရှိအဖြစ်ဖြင့် အမှုထမ်းရွက်ခဲ့၏။ ၁၉၂၉ ခုနှစ် တွင် နော်ဝေးနိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် နိုင်ငံရေးလောက ထဲသို့ ဝင်ရောက်ခဲ့သည်။ ကွစ်ဇလင်းမှာ ကွန်မြူနစ်ဆန့်ကျင် ရေး ခေါင်းဆောင် ဖြစ်သည်။ သူသည် ၁၉၃၁ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ထမ်းရွက်ပြီးနောက်၊ နော်ဝေး အမျိုးသားညီညွတ်ရေးအဖွဲ့ကို တည်ထောင်၍ ခေါင်းဆောင် ခဲ့သည်။ ထိုအဖွဲ့အား ဖက်ဆစ်ပါတီပင် ဖြစ်သည်။ ၁၉၄ဝ ပြည့်နှစ် ဧပြီလ ၉ ရက်နေ့တွင် ဖက်ဆစ် ဂျာမန်တို့သည် နော်ဝေးနိုင်ငံအား ရုတ်တရက် ကျူးကျော်တိုက်ခိုက်သောအခါ ကွစ်ဇလင်းသည် ဂျာမန်တို့ဖက်မှ ကူညီတိုက်ခိုက်ခဲ့သည်။ နော်ဝေးကို ဂျာမန်တို့ သိမ်းပိုက်ပြီးသောအခါ၊ ကွစ်ဇလင်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည်။ ၁၉၄၂ ခုနှစ်တွင် ကွစ်ဇလင်း သည် နော်ဝေးနိုင်ငံ၏ သမတအဖြစ် ခန့်အပ်ခြင်း ခံရပြန် သည်။ ထိုမှစ၍ နောင်ဝေးနိုင်ငံမှာ ဖက်ဆစ်နာဇီတို့၏ ဩဇာခံ ကွစ်ဇလင်းရုပ်သေးအစိုးရ၏ ခြယ်လှယ်ညှဉ်းပန်းခြင်းကို ခံခဲ့ရ လေသည်။

သို့ရာတွင် ကွစ်ဇလင်းအစိုးရသက်တမ်းမှာ ကြာရှည်စွာ မတည်မြဲချေ။ ၁၉၄၅ ခုနှစ်တွင် ဂျာမန်တို့ စစ်ရေးရှုံးနိမ့်၍ ကွစ်ဇလင်းသည် နော်ဝေးတပ်မတော်သို့ လက်နက်ချ ဝင် ရောက်ရလေသည်။ သူ့အား အော့စလိုမြို့တော် စစ်တရားခံ ရုံးတွင် စစ်ဆေးပြီးနောက် သစ္စာဖောက်အဖြစ်ဖြင့် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကွပ်မျက်လိုက်လေသည်။ ယင်းသို့အားဖြင့် နိုင်ငံနှင့်အမျိုးသားအား သစ္စာဖောက်ခဲ့သော ကွစ်ဇလင်းသည် သစ္စာဖောက်တို့၏ သွားရာလမ်းသို့ လိုက်ပါ သွားရလေသည်။ ထိုမျှမကသေး၊ စစ်ပြီးခေတ်တွင် ကွစ်ဇလင်း ဟူသော သူ၏အမည်သည်လည်း သစ္စာဖောက်ဟူသော ဝေါဟာ ရနှင့် တွန်ဒွဲလျက် ကျန်ရစ်ခဲ့ပေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
pFad - Phonifier reborn

Pfad - The Proxy pFad of © 2024 Garber Painting. All rights reserved.

Note: This service is not intended for secure transactions such as banking, social media, email, or purchasing. Use at your own risk. We assume no liability whatsoever for broken pages.


Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy