မာတိကာသို့ ခုန်သွားရန်

ဘန်း ၊ ရှန်ဟိုင်း

ဝီကီပီးဒီးယား မှ
A wide curving walkway along a body of water to the right, crowded with many people and some large orange umbrellas underneath a sky colored by sunset. To the left of the walkway are light brownish-grey stone buildings in various late-19th and early-20th-century architectural styles, with taller buildings in the distance.
ဘန်း ၏ နွေရာသီ ညနေခင်း၌ (၂၀၁၃)။
A map showing a river coming up from the bottom right and curving toward the right about two-thirds of the way up where another, smaller river joins from the left. On the left of the river is a complex network of streets with some parks; on the right are some property lines.
ဘန်း ၏ ၁၉၃၃ မြေပုံ

ဘန်း သို့မဟုတ် ဝိုင်တန် (အဓိပ္ပာယ် အားဖြင့် အပြင်ဘက် ကမ်းခြေ) သည် ရှန်ဟိုင်းမြို့ လယ်တွင် ရှိသော ကမ်းနား အရပ် တစ်ခု ဖြစ်သည်။ ဤနေရာသည် ယခင် ရှန်ဟိုင်း အပြည်ပြည်ဆိုင်ရာ အခြေချနေထိုင်ရာနေရာ အတွင်းရှိ ကျောင်ရှန်း လမ်း (အရှေ့ ကျောင်ရှန်းလမ်းအမှတ် ၁) ၏အစိတ်အပိုင်းတစ်ခုတွင် ဗဟိုပြု၍ တည်ရှိသည်။ ၎င်းသည် ဟွမ်ပု ခရိုင် ၏အရှေ့ဘက်ခြမ်းရှိ ဟွမ်ပုမြစ် အနောက်ဘက် မြစ်ကမ်းပါး တစ်လျှောက်တွင် ရှိသည်။ မြစ်ကမ်းနား တလျှောက် နေရာသည် ပူဒုံး ခရိုင် လူကျားအွီ ရှိ ခေတ်သစ် မိုးမျှော်တိုက်များနှင့် မျက်နှာချင်းဆိုင် တည်ရှိသည်။ အများအားဖြင့် ဘန်းဆိုသည်မှာ လမ်း၏ ဤအပိုင်းရှိ အဆောက်အဦးများနှင့် ဆိပ်ခံတံတားများနှင့် အနီးအနားရှိ နယ်မြေအချို့ကို ရည်ညွှန်းသည်။ ၁၈၆၀ ပြည့်နှစ်မှ ၁၉၃၀ ပြည့်နှစ်အထိ ရှန်ဟိုင်းရှိ ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာ ကြီးမားသော နိုင်ငံခြားသားတို့ အခြေချရာ နေရာ အဖြစ် တည်ရှိခဲ့ပြီး စာချုပ်အရ တရားဝင်အကာအကွယ်ပေးထားသော ဆိပ်ကမ်း အဖြစ် လည်ပတ်ခဲ့သည်။ :

၁၉၂၃ ခုနှစ်တွင် တည်ဆောက်သော ဟောင်ကောင်နှင့် ရှန်ဟိုင်းဘဏ် အဆောက်အအုံနှင့် ၁၉၂၇ တွင် တည်ဆောက်ခဲ့သော ရှန်ဟိုင်း အကောက်ခွန်ဌာန။

ဘန်း ဟူသောစကားလုံးသည် တမံ သို့မဟုတ် တမံ ဆိပ်ခံတံတားကိုဆိုလိုသည်။ ထိုစကားလုံးသည် ပါရှား စကားလုံး ဘန်း မှ ဟင်ဒီ-အူရဒူ ဘာသာစကားမှ တဆင့် ဆင်းသက်လာခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ တမံ၊ တာတမံ သို့မဟုတ် ရေကာတာ ဟု အဓိပ္ပာယ်ရသည်။ မွန်ဘိုင်း၏ အပိုလို ဘန်ဒါ၊ ဘန်ဒါအာဘတ်စ် နှင့် ဘန်ဒါ အာချေး ကဲ့သို့သော မြို့များ၏ အမည်များသည် ထိုစကားလုံးမှပင် ဆင်းသက်လာပုံ အတူတူပင်ဖြစ်သည်။ အရှေ့အာရှရှိ အမျိုးမျိုးသော ဘန်းများကို တိုင်းဂရစ်မြစ် တစ်လျှောက်ရှိ ဘဂ္ဂဒက် ရှိ ဘန်းများ နှင့် တမံများကို အစွဲပြု၍ အမည်ပေးထားခြင်း ဖြစ်ပြီး ဘဂ္ဂဒက်မှ လာသော ဆက်ဆွန်းမိသာစုကဲ့သို့သော ပြောင်းရွှေ့အခြေချသော ဂျူးလူမျိုးများ က အမည်ပေးခဲ့ကြခြင်း ဖြစ်သည်။ ထိုဂျူးလူမျိုးများသည် သူတို့၏ စီးပွားရေးကို ရှန်ဟိုင်းတွင် အခြေချခဲ့ကြသည်။ အခြားသော အရှေ့အာရှဒေသများတွင်လည်း ၁၉ ရာစုတွင် အခြားဆိပ်ကမ်းမြို့များကို ဆောက်လုပ်ခဲ့သကဲ့သို့ သူတို့၏ ဆိပ်ကမ်းများကိုလည်း ခိုင်မာစွာ တည်ဆောက် ခဲ့ကြသည်။ ထိုတရုတ်ဆိပ်ကမ်းမြို့များတွင် အင်္ဂလိပ်စာလုံး အဓိပ္ပာယ် ကမ်းနားတစ်လျှောက်ရှိ တမံတုတ်ထားသော ဆိပ်ခံ များ ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ သို့သော် ဘန်း ဟု ဆိုပြီး နေရာကို မရည်ညွှန်းပါက ရှန်ဟိုင်းရှိ မြစ်ကမ်းနား ဤအပိုင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

သမိုင်း

[ပြင်ဆင်ရန်]
၁၉၂၆ ခုနှစ်တွင်ရှန်ဟိုင်းရှိ ဘန်း အား ဟွမ်ပု လမ်းရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးမှ တွေ့မြင်ရပုံ။
၁၉၃၀ တွင် တွေ့ရသော ရှန်ဟိုင်း ရှိ ဘန်
၁၉၃၇ ခုနှစ်တွင် တွေ့ရသော ဘန်း ။ ဂျပန်သင်္ဘော အီဇူမိုအား ရှေ့တွင် တွေ့ရသည်။
ဟောင်ကိုကူး ဟွမ်ပုလမ်း ရှိ ရုရှားကောင်စစ်ဝန်ရုံး
pFad - Phonifier reborn

Pfad - The Proxy pFad of © 2024 Garber Painting. All rights reserved.

Note: This service is not intended for secure transactions such as banking, social media, email, or purchasing. Use at your own risk. We assume no liability whatsoever for broken pages.


Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy