မာတိကာသို့ ခုန်သွားရန်

ယပ်

ဝီကီပီးဒီးယား မှ
ထန်းလျက်ယပ်တောင်
ယပ်တောင်

ပူအိုက်သည့်အခါတွင် လူများသည် အအေးကို ရှာကြ၏။ လေမတိုက်သောအခါ လေရအောင် တစ်နည်းနည်းကြံဆောင်ကြ ၏။ ယပ်တောင် မပေါ်သေးမီ အလွန်ရှေးကျသည့်အခါက ပူအိုက်လျှင် လူတို့သည် သစ်ရွက် သစ်ခက်များကို ယပ်တောင် သဖွယ် ခတ်၍ သဘာဝလေအစား တမင်လုပ်ယူရသောလေဖြင့် အအေးဓာတ်ကို ခံယူကြ၏။ ထိုသို့ သစ်ရွက်များဖြင့် ယပ်ခတ် ကြည့်ခြင်းမှ တဖြည်းဖြည်း လူတို့သည် ယပ်တောင်လုပ်ရန် အကြံဉာဏ်များ ရလာကြတော့၏။ ယပ်တောင်သည် ခရစ် မပေါ်မီ နှစ်ပေါင်း သုံးထောင်လောက်ကပင် တရုတ်နိုင်ငံမှ စတင်ပေါ်ပေါက်ခဲ့သည်။ အီဂျစ်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ရှေးဟောင်းအနုပညာများကို ကြည့်ခြင်းအားဖြင့် ယပ်တောင်များ ကို ရှေးပဝေဏီအခါကပင် အရှေ့နိုင်ငံများ၌ အသုံးပြုခဲ့ကြောင်း သိသာနိုင်၏။ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ယပ်တောင်များ သည် ကမ္ဘာကျော် ယပ်တောင်များ ဖြစ်၏။ တရုတ်ယပ်တောင် သည် ယနေ့ထက်တိုင် အသွင်အပြင် ပုံသဏ္ဌာန်မပြောင်းသေး သည်ကို တွေ့ရ၏။

ရိုးတံမှ လက်ဖြင့် ကိုင်၍ယပ်ရသော ထန်းလက် ယပ် တောင်များကို အလွန်ရှေးကျသော အဆီးရီးယန်း လူမျိုးနှင့် အီဂျစ်လူမျိုးတို့က စ၍ အသုံးပြုခဲ့ကြ၏။ ထိုယပ်တောင်မျိုးမှာ ကြီးလည်း ကြီးသဖြင့် ယပ်ခတ်ရန် လူတစ်ယောက် သက် သက်ထားရ၏။ ချမ်းသာကြွယ်ဝသော သူဌေးကြီးများသည် အစေအပါးများကို ဤယပ်တောင်မျိုးကိုင်ကာ ယပ်ခတ်စေခြင်း ဖြင့် ပူအိုက်သည့်အခါများတွင် စည်းစိမ်ယူလေ့ ရှိကြသည်။ ယပ်တောင်သည် လေကောင်းစွာ ရသည့်အပြင် ခြင်၊ ယင်၊ ပိုးမွှားကောင်ကလေးများကိုလည်း ဖယ်ရှားပေးနိုင်၏။ အေဒီ ၃ဝဝ လောက်မှ ၁၃ဝဝ လောက်ထိ ခရစ်ယန်ဘုရားရှိခိုး ကျောင်းအတွင်းရှိ ဘုရားပန်းအိုးများတွင် ပိုးမွှား ခြင်ကောင် ကလေးများ မနားမကပ်ရအောင် ယပ်တောင်ကို အသုံးပြုခဲ့ကြ ပေသည်။

ရှေးက ယပ်တောင်များကို ထိပ်က စက္ကူကပ်ထားသည့် နေရာ၊ ယပ်တောင်ပြားနှင့် လက်ကိုင်ဟူ၍ သုံးပိုင်း ရှိ၏။ ထို သုံးခုပါလျှင် ယပ်တောင်တစ်စင်း ဖြစ်လာ၏။ နိုင်ငံတိုင်းရှိ ယပ်တောင်များမှာ ဤပုံစံအတိုင်းချည်း ဖြစ်၏။ ထိုယပ် တောင်မျိုးကို ကြာယပ်တောင်ဟု ခေါ်သည်။ ခေါက်ယပ်တောင် များမှာ အေဒီ ၇ဝဝ လောက်က ဂျပန်နိုင်ငံမှ စတင်တီထွင် လုပ်ကိုင်လိုက်သော ယပ်တောင်ဖြစ်၏။ တီထွင်သူမှာ လင်းနို့ ၏ တောင်ပံဖြန့်ပုံ ရိုက်ပုံတို့ကို တွေ့ရှိ၍ ထိုခေါက်ယပ်တောင် မျိုးလုပ်ရန် အကြံစတင်ရရှိခဲ့လေသည်။ ဂျပန်ယပ်တောင်သည် အလှအပ ပစ္စည်းသာမဟုတ်၊ လူ့ဘဝနှင့်ဆိုင်သော လေးနက် သည့် အဓိပ္ပာယ်များကိုလည်း ဆောင်လျက်ရှိပေသည်။ ယပ်တောင်ကို ဖွင့်လိုက်သောအခါ ဖြာထွက်နေသော အရိုး တံများက လူ့ဘဝ ဖြစ်စဉ်ကို သရုပ်ဖော်ထားပေသည်။ ထိုဂျပန်ယပ်တောင်များကို တောက်ပြောင်သော ဆေးများ ချယ်ထား၍ ကပွဲများ၌ များစွာအသုံးပြုတတ်၏။ ဂျပန်က ခေါက်ယပ်တောင်များ စထွင်ပြီးနောက် မကြာမီ တရုတ်နိုင်ငံက လိုက်သုံးလာသည်။ ခရစ်နှစ် ၁၅ဝဝ ခန့် ရောက်သောအခါ ပေါ်တူဂီကုန်သည်များက အရှေ့တိုင်းမှဖြစ်သော ထိုယပ်တောင် များကို ဥရောပတိုက်သို့ ရောက်သွားကြ၏။ ဥရောပအမျိုးသမီး များက လှပစွာ ဆေးရောင်ချယ်ထားသော ယပ်တောင်များကို အလှကိုင်ကြ၏။ ပြင်သစ်နိုင်ငံ ၁၅ ဆက်မြောက် လူဝီဘုရင် လက်ထက်တွင် ယောက်ျားများပင် သေးငယ်သော ယပ်တောင် ကလေးများကို အလှကိုင်ဆောင်လေ့ ရှိသည်ဟု ဆိုသည်။ သို့သော် မကြာမီပင် ထိုအလေ့ ပပျောက်သွားလေသည်။ ယပ်တောင်ကို ဆေးခြယ်သောအတတ်သည် ယပ်တောင် အသုံးပြုသောသူများ နည်းပါးလာသည့် အလျောက် အင်္ဂလန် နိုင်ငံတွင် ယခုတိမ်ကောနေပြီဖြစ်သည်။၁၈ ရာစုနှစ်၊ ၁၉ ရာစု နှစ်အတွင်းကမူ ပန်းချီဆရာကြီးများသည် သားရေစက္ကူ၊ ရိုးရိုး စက္ကူနှင့် ပိုးထည်ပေါ်တွင် လှပသော ပုံများရေးချယ်၍ ယပ် တောင်များကို ဈေးကြီးကြီးနှင့် ရောင်းချကြသည်။ ထိုအချိန်က ယပ်တောင်ပန်းချီဆရာများ အလွန်ခေတ်ထခဲ့လေသည်။ ထို ပန်းချီဆရာများတွင် ချားကွန်ဒါ(ခရစ် ၁၉၆၈-၁၉ဝဝ) ဆိုသူ သည် ထင်ရှားကျော်စောလေသည်။

အလွန်အဖိုးကြီးသော ယပ်တောင်များမှာ မြည်းသားရေ၊ ပိုးသားများပေါ်တွင် ဆေးခြယ်ထားသော ယပ်တောင်များ ဖြစ်၏။ အချို့ ဇာဖြင့်၎င်း၊ သစ်ကုလားအုပ်မွေးဖြင့်၎င်း၊ ဥဒေါင်းမြီးဖြင့်၎င်း လှပစွာယပ်တောင်များကို လုပ်ကိုင်ကြ၏။ ထိုယပ်တောင်များ၏ လက်ကိုင်ကို ဆင်စွယ်ဖြင့်၎င်း၊ လိပ်ခွံ ဖြင့်၎င်း၊ လှပသော တိရစ္ဆာန်ဦးချိုဖြင့်၎င်း၊ နံ့သာသားဖြင့်၎င်း လုပ်ထားတတ်၏။ ယပ်တောင်များမှာ အစကနဦးက လေရ အောင် ကြံဆောင်လုပ်ထားသောပစ္စည်း ဖြစ်သော်လည်း နောင်သော် အလှကိုင်ပစ္စည်းအဖြစ်သို့ ရောက်သွားလေသည်။ ယခုခေတ်၌ လူအများ သွားလာရာဖြစ်သော ရုံးများ၊ အလုပ် တိုက်များနှင့် ဟော်တယ်များတွင် လျှပ်စစ်ပန်ကာများကို ယပ်တောင်အစား အသုံးပြုနေကြသဖြင့် အကယ်စင်စစ် ယပ်တောင်သည် လေအေးရမှုအတွက် အသုံးမဝင်တော့ချေ။[]


ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
pFad - Phonifier reborn

Pfad - The Proxy pFad of © 2024 Garber Painting. All rights reserved.

Note: This service is not intended for secure transactions such as banking, social media, email, or purchasing. Use at your own risk. We assume no liability whatsoever for broken pages.


Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy