ကွဲပြားသော မက်ဆေ့ချ် အတွေ့အကြုံသစ်ကို "ဟဲလို" လို့ နှုတ်ဆက်လိုက်ပါ။ ကိုယ်ပိုင်အချက်အလက် လုံခြုံရေးကို မမျှော်မှန်းနိုင်လောက်အောင် အလေးထား၍ သင်မျှော်လင့်ထားသော လုပ်ဆောင်ချက် အင်္ဂါရပ်များ အားလုံးနှင့် ပေါင်းစည်းပေးထားပါသည်။
Signal သည် ရိုးရှင်းပြီး စွမ်းဆောင်ရည်ပြည့်ဝကာ လုံခြုံစိတ်ချရသော Messenger ဖြစ်ကြောင်း အောက်တွင် လေ့လာကြည့်ပါ
End-to-end ကုဒ်ပြောင်းဝှက်မှု (Open Source Signal Protocol ဖြင့် လည်ပတ်လုပ်ဆောင်သည်) က သင့်ဆွေးနွေးပြောဆိုမှုကို လုံခြုံစိတ်ချရစေပါသည်။ ကျွန်ုပ်တို့သည် သင့်မက်ဆေ့ချ်များကို ဖတ်ခြင်း သို့မဟုတ် သင့်ဖုန်းခေါ်ဆိုမှုများကို နားဆင်ခြင်းများ မလုပ်နိုင်သည့်အပြင် မည်သူတစ်ဦးတစ်ယောက်ကမျှလည်း လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ ကိုယ်ပိုင်အချက်အလက် လုံခြုံရေးသည် စိတ်ကြိုက်ရွေးချယ်မှုတစ်ခု မဟုတ်ပါ — Signal ၏ လုပ်ထုံးလုပ်နည်းအတိုင်းသာ ဖြစ်ပါသည်။ မက်ဆေ့ချ်တိုင်း၊ ခေါ်ဆိုမှုတိုင်းကို အချိန်တိုင်း လုံခြုံစိတ်ချရစေပါမည်။
စာသားများ၊ အသံဖိုင်များ၊ ရုပ်ပုံများ၊ ဗီဒီယိုဖိုင်များ၊ GIF များ နှင့် အခြားဖိုင်များကို အခမဲ့ မျှဝေနိုင်ပါသည်။ Signal သည် သင့်ဖုန်းဒေတာ ချိတ်ဆက်မှုကို သုံးသောကြောင့် SMS နှင့် MMS အခကြေးများ ရှောင်ရှားနိုင်ပါသည်။
အခြားမြို့ သို့မဟုတ် သမုဒ္ဒရာ၏ တစ်ဖက်ခြမ်းတွင် နေထိုင်သူများနှင့် ဖုန်းခေါ်ဆိုမှုများ၊ ဗီဒီယိုကောလ်များကို ကြည်လင်ပြတ်သားစွာ ပြုလုပ်နိုင်ပြီး အဝေးပြောခများ ကျသင့်မည် မဟုတ်ပါ။
သင့်ဆွေးနွေးပြောဆိုမှုများတွင် ဆန်းသစ်စွာ စတစ်ကာကုဒ်ပြောင်းဝှက်ထားသော စတစ်ကာများကို ပေါင်းထည့်လိုက်ပါ။ သင့်ကိုယ်ပိုင်စတစ်ကာတွဲများကိုလည်း ဖန်တီးဝေမျှနိုင်ပါသည်။
အဖွဲ့လိုက် ဆွေးနွေးပြောဆိုမှုများသည် သင့်မိသားစု၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်ရာတွင် လွယ်ကူစေပါသည်။
Signal တွင် ကြော်ငြာများ မရှိ၊ တွဲဖက်ဈေးရောင်းသူများ မရှိသည့်အပြင် ခြေရာခံခြင်းလည်း မရှိပါ။ သို့ဖြစ်ပါ၍ သင့်အတွက် အရေးပါသည့် သူများနှင့် အရေးကြီးသော အချိန်လေးများကို အတူဝေမျှလိုက်ပါ။
Signal သည် အကျိုးအမြတ်မယူသည့် လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပါသည်။ မည်သည့်နည်းပညာကုမ္ပဏီနှင့်မျှ ပတ်သက်မှု မရှိသည့်အပြင် မည်သည့်ကုမ္ပဏီကမျှ အပိုင်ရယူနိုင်မည် မဟုတ်ပါ။ ဖွံ့ဖြိုးတိုးတက်ရေးကို သင့်ကဲ့သို့သော လှူဒါန်းသူများထံမှ လှူဒါန်းမှုများနှင့် ထောက်ပံ့ကြေးများဖြင့် ပံ့ပိုးထားပါသည်။
Signal အတွက် လှူဒါန်းရန်
Note: This service is not intended for secure transactions such as banking, social media, email, or purchasing. Use at your own risk. We assume no liability whatsoever for broken pages.
Alternative Proxies: